Please wait ...

မေးခွန်းနှင့်အဖြေများ။

POS Days ကို Set Up လုပ်ရန်အချိန်ဘယ်လောက်ကြာသလဲ။

POS Days ဆော့ဝဲလ်ကို Installation နှင့် Register လုပ်ဖို့အတွက်အချိန်မိနစ်ပိုင်းလောက်သာကြာပါတယ်။ ဆော့ဝဲလ်ထဲကိုပစ္စည်းသွင်းရန်အတွက် လူကြီးမင်း၏ ပစ္စည်းအရေအတွက်ပေါ်မူတည်ပြီး အချိန်ကြာနိုင်ပါတယ်။

POS Days ဆော့ဝဲကိုလက်ကိုင်ဖုန်းတွင်အသုံးပြုခြင်ပါတယ်။ အဆင်ပြေမလား?

POS Days ဆော့ဝဲလ်ကို Android ဖုန်း၊ iPhone/iPad တွင်သာမကပဲ ကွန်ပျူတာမှတဆင့်လဲ အသုံးပြုနိုင်ပါတယ်။

POS Days ဆော့ဝဲလ်အသုံးပြုနေသည့်အချိန်တွင် တစ်ခုခုအခက်အခဲကြုံလျှင် Support Team ၂၄နာရီပတ်လုံးဆက်သွယ်လို့ရပါသလား?

POS Days Support Team သည် ၂၄နာရီပတ်လုံး ဆက်သွယ်လို့ရပါသည်။ Email (သို့) Messenger ကနေအချိန်မရွေးဆက်သွယ်နိုင်ပါသည်။

ကျွန်တော်၏ စီးပွားရေးသည် မိုးတွင်းကာလ တွင်အလုပ်လည်ပတ်တာဖြစ်တဲ့အတွက် အဲဒီကာလအတိုင်းဝယ်လို့ရပါသလား?

ဟုတ်ကဲ့ဝယ်လို့ရပါတယ်။ အကယ်၍အဲဒီကာလ နောက်ပိုင်းမသုံးဖြစ်လျှင်လဲ အရောင်းအချက်အလက်နှင့် တခြား Data များသည် Server မှာအမြဲတည်ရှိနေတာဖြစ်တဲ့အတွက် ပြန်လည်အသုံးပြုလိုတဲ့အခါကျရင် လူကြီးမင်း၏အကောင့်ထဲသို့ဝင်ပြီး ပြန်လည်အသုံးပြုလို့ရပါသည်။

ဆိုင်တွင် အင်တာနက်ကမရှိလျှင် အသုံးပြုလို့ရပါသလား?

POS Days ဆော့ဝဲလ်သည် အင်တာနက်မရှိလျှင်လည်း အသုံးပြုလို့ရပါသည်။ အင်တာနက်ပြန်ချိတ်ဆက်တဲ့အခါ အရောင်းအချက်အလက်များသည် Server သို့အလိုအလျှောက်သိမ်းဆည်းပေးပါသည်။

Print ထုတ်ပြီးသား ဘားကုဒ်တွေအသုံးပြုလို့ရပါသလား?

အသုံးပြုလို့ရပါသည်။ အရင်ဦးဆုံးအဲဒီ ဘားကုဒ်နဲ့သက်ဆိုင်သော ပစ္စည်းကိုဆော့ဝဲလ်ထဲသို့ထည့်ပြီးလျှင်အသုံးပြုလို့ရပါသည်။

ကျွန်တော်တွင်ဆိုင်နှစ်ဆိုင်ရှိပါတယ်။ အဲဒီဆိုင်နှစ်ဆိုင်၏အချက်အလက်ကို အကောင့်တစ်ခုကနေ ထိန်းချုပ်လို့ရပါသလား?

ဟုတ်ကဲ့ ထိန်းချုပ်လို့ရပါတယ်။ အကောင့်တစ်ခုကနေ ဆိုင်အားလုံးကိုစီမံခန့်ခွဲနိုင်ပါတယ်။

Cloud Server မှာအချက်အလက်သိမ်းဆည်းမှုသည် စိတ်ချလို့ရပါသလား?

Cloud Server မှာအချက်အလက်သိမ်းဆည်းထားခြင်းသည် ရာနှုန်းပြည့်စိတ်ချလို့ရပါသည်။ ဥပမာ အချက်အလက်တွေကို ဆိုင်ရှိကွန်ပျူတာမှာပဲ သိမ်းထားမယ်ဆိုလျှင် ကွန်ပျူတာ Virus ထိ၍အသုံးပြုလို့မရလျှင်သော်လည်းကောင်း၊ ကွန်ပျူတာကို သူခိုးခိုးသွားလျှင်သော်လည်းကောင်း အချက်အလက်တွေအားလုံးဆုံးရှုံးသွားပါမည်။ Cloud Server မှာသိမ်းဆည်းထားခြင်းဖြင့် တခုခုဖြစ်ခဲ့လျှင်နောက်ကွန်ပျူတာတစ်လုံးဖြင့် အချက်အလက်တွေကိုပြန်လည်အသုံးပြုလို့ရပါသည်။

Plan တွေကိုဘယ်လိုရွေးချယ်ပြီးဝယ်ယူရမလဲ?

POS Days ဆော့ဝဲလ်ကို စမ်းသုံးပြီးလျှင် မိမိလုပ်ငန်းနှင့်ကိုက်ညီမှုရှိသော Plan ကိုရွေးချယ်ပြီးဝယ်ယူနိုင်ပါသည်။ ထိုသို့ဝယ်ယူရန် အသုံးပြုလိုသောရက်အရေအတွက်လိုက် ကျွန်တော်တို့ဆီကို အီးမေးလ်ဖြင့်သော်လည်းကောင်း၊ Viber/Messenger ဖြင့်သော်လည်းကောင်းဆက်သွယ်ဝယ်ယူနိုင်ပါသည်။

အသုံးပြုနေသော Plan ကိုပြောင်းလို့ရပါသလား?

အသုံးပြုနေသော Plan ကျွန်တော်တို့စီကိုဆက်သွယ်ပြီး အချိန်မရွေးပြောင်းလဲနိုင်ပါသည်။

အခမဲ့စမ်းသုံးမည်